စာရေးသူ

အားလုံးမြင်နိုင်ရန်

စာမူ/ အကြောင်းအရာ များ admin

ဘုရားသခင်ကြောင့် အံ့အားသင့်သွားသည်

နေရာကောင်းတစ်ခုတွင်(၁၀)နှစ်တာ ငှါးရမ်းနေထိုင်ခဲ့ရာမှ အိမ်ပိုင်ရှင်က ရုတ်တရက်အိမ်ကို ရောင်းချရန်အကြောင်းပေါ်လာသည်။ ယင်းအခြေအနေကို ပြောင်းလဲစေပြီး ထိုအိမ်၌ ဆက်နေခွင့်ရရန် ဘုရားသခင်ထံ ဆုတောင်းခဲ့သည်။ လက်ရှိနေအိမ်သည် ကျွန်ုပ်တို့နှင့်အတူ ကလေးများကြီးပြင်းလာသည့် နေရာလည်းဖြစ်သည်။ သို့သော် ဘုရားသခင်က ခွင့်မပြုခဲ့ပါ။
မိမိလိုအပ်ချက်အတွက် ဆုတောင်းရာတွင် မှားနေသည့်အရာကို တောင်းဆိုမိမည်ကို စိတ်ပူရသလို၊ တောင်းဆိုသည့်အရာအတွက် ကျွန်ုပ်အနေဖြင့် မထိုက်တန်ဖြစ်မည်ကိုလည်း စိုးရိမ်မိပါသည်။ သို့သော် ဘုရားသခင်၏မေတ္တာကို သိရှိနားလည်ထားပြီး၊ ခိုလှုံခွင့်ရရှိထားသူများ အနေဖြင့် ထိုသို့ ငြင်းပယ်ခံရသည့်အခါများတွင် ကျွန်ုပ်တို့၏ ယုံကြည်မှု မယိမ်းယိုင်သွားသင့်ပါ။ ဧဖက် ၃ တွင် ရှင်ပေါလုက ဘုရားသခင်၌ ချစ်ခြင်းများစွာဖြင့် ခွင့်မပြုရသည့် အကြောင်းရင်းရှိကြောင်းကို ယုံကြည်လက်ခံနိုင်ပါသည်ဟု ခံယူခဲ့သည်။
ထိုသို့ ဆုတောင်းချက်ကို ငြင်းပယ်ခြင်းခံရပြီးနောက် များမကြာမီအချိန်တွင် အသင်းတော်မှ မိတ်ဆွေများက သူတို့မနေတော့သည့်အိမ်ကို ကျွန်ုပ်တို့အား ငှါးရမ်းရန် ကမ်းလှမ်းလာသည်။ ထိုနေရာသစ်သည် ပစ္စည်းသစ်၊ ရေပိုက်အသစ်၊…

ကြွယ်ဝချမ်းသာမှု၏ စိန်ခေါ်ချက်

၁၉၈၀ ခုနှစ်များတွင် ကင်ညာနိုင်ငံ၌ ကျွန်တော်တို့နေထိုင်ခဲ့စဉ်က မိတ်ဆွေအမျိုးသမီးငယ်တစ်ဦးကို သူ့မိဘများနေထိုင်ရာ ဗစ်တိုးရီးယားရေအိုင်ဒေသ အနီးဝန်းကျင်သို့
နိုင်ရိုဘီမြို့မှ ကားဖြင့် မောင်းပို့ခဲ့သည်။ သူ့ကို အိမ်သို့ပို့ပေးပြီး ကျွန်တော်တို့က ဟိုတယ်တွင် ပြန်တည်းမည်ဖြစ်ရာ၊ အထုပ်အပိုးများကို ချန်ထားရန် ဟိုတယ်ရှိသည့် ကစ်စူမူမြို့တွင် နားခဲ့သည်။ ကုတင် ၂လုံးပါ ဟိုတယ်ခန်းကို ကျွန်တော်တို့က သာမန်အခန်းဟု တွေးမိသည်။ မိတ်ဆွေအမျိုးသမီးလေးက “ဒီအခန်းကြီးက လူ ၅ ယောက်အတွက်ပဲ မဟုတ်လား” ဟု ပြောလိုက်သည်။ ကျွန်တော်တို့က ရိုးရိုးသာမန်ထင်သည့်အရာကို သူမဇိမ်ကျပြည့်စုံလှ၏ ဟုမြင်ပါသည်။ ကြွယ်ဝမှုအဆင့်အတန်းကိုလိုက်ပြီး အခြားသူများအနေဖြင့် ၀မ်းပန်းတသာ လက်ခံသည့် နေထိုင်မှုအဆင့်အတန်းတစ်ခုကို ချမ်းသာသည့်နိုင်ငံများတွင် နေထိုင်သူကြသူအချို့တို့က မကျေနပ်နိုင် စောဒကတက်လိုသည့် သဘောရှိကြသည်။
ဧဖက်မြို့မှ ခရစ်တော်နောက်လိုက်များအနက် အချို့မှာ အခြားသူများထက် ငွေကြေးပိုချမ်းသာသည်။ ၎င်းတို့၏သင်းအုပ်ဆရာ တိမောသေထံ ရှင်ပေါလုက “ဤဘ၀၌ ငွေရတတ်သောသူတို့သည် မာန်မာနစိတ်နှင့်ကင်းလွတ်၍…

ကြီးမြတ်ရက်ရောသော ဘုရားကြောင့် ၀မ်းမြောက်ခြင်း

ဟိုတယ်ခန်းမဆောင်အတွင်း၌ ကျွန်တော်တွေ့ဖူးသမျှ အကြီးကျယ်ဆုံးထူးခြားပေါ်လွင်စွာ၊ လန်းဆန်းသော အရောင်အသွေးစုံလင်သော ပန်းများထိုးထားရာ၊ ပန်းများ၏ အပြင်အဆင်နှင့် မွှေးရနံ့က အံ့ဩဖွယ်ပါ။ ထိုကြောင့်ရပ်ပြီး ပန်းအလှကို ရှုစားကြည်နူးရင်း ခဏမျှအချိန်ဖြုန်းလိုက်သည်။ ထိုအခါအလျှံပယ်ကြွယ်ဝခြင်းသဘောက ကျွန်ုပ်တို့၏ နှလုံးသားကို ဖမ်းစားနိုင်ကြောင်း ဆင်ခြင်မိသည်။ ကျေးဇူးတော်အစာ ချီးမွမ်းခြင်းပြီးနောက် တည်ခင်းသော စားချင်စဖွယ် ရောင်စုံသစ်သီးပန်းကန်နှင့် အချိုပွဲတို့ကို စိတ်ကူးနှင့်မြင်ယောင်ကြည့်ပါ။
အလျှံပယ် ပြည့်စုံခြင်းကြောင့် ၀မ်းမြောက်ရပြီး၊ ၎င်းက ဘုရားသခင်၏ကြီးမြတ်ရက်ရောသည့် သဘောထားကို ပြန်လည်သတိရစေသည်။ ကိုယ်တော်သည် ကျွန်ုပ်တို့၏ခွက်ဖလားကို လျှံစေသည် (ဆာ ၂၃း၅)။ “(ကျွန်ုပ်)တို့ တောင်းပန်ကြံစည်သမျှထက် အလွန်ထူးခြားစွာ ပြုပြင်ခြင်းငှါ တတ်နိုင်တော်မူ၏”(ဧ ၃း၂၀)။ ကျွန်ုပ်တို့လျှောက်လှမ်းနေသော ဘ၀ခရီး၌ ကြုံရသော မည်သည့်အခက်အခဲထက်မဆို ကိုယ်တော်၏ကျေးဇူးတော်က လုံလောက်ကြွယ်ဝလျက်ရှိသည် (၂ကော ၁၂း၉)။ ကိုယ်တော်သည် ပျောက်သောသားပြန်လာသောအခါ ဆူအောင် ကျွေးသော နွားလေးကို သတ်၍၊ မြတ်သောဝတ်လုံကို ယူခဲ့သော…

အကြားအာရုံချို့ယွင်းသူများအား ကြားစေခြင်း

၁၈၁၄ ခုနှစ်တွင် Thomas Gallaudet သည် ကျမ်းစာကျောင်းအောင်ပြီး တရားဟောဆရာဖြစ်ရန် ရည်ရွယ်ချက်ရှိခဲ့သည်။ သို့သော် အကြားအာရုံချို့တဲ့သူ အသက်(၉)နှစ်အရွယ် သူ့အိမ်နီးချင်း အဲလစ်နှင့် တွေ့ဆုံပြီး သူ့ရည်ရွယ်ချက်ပြောင်းသွားသည်။ Gallaudet က မြေကြီးပေါ် စာလုံးများကို တုတ်ချောင်းနှင့်ရေးပြီး သူမနှင့် ဆက်သွယ်ရန်ကြိုးစားတော့ သည်။
အဲလစ်ကို ကူညီရာမှတဆင့် အခြားသူများကိုပါ ကူညီရန်လှုံ့ဆော်ခံခဲ့ရသည်။ အကြားအာရုံချို့တဲ့သူများ၏ ပညာရေးကဏ္ဍနှင့် စပ်လျဉ်းပြီး ဥရောပနှင့်အမေရိကန်ရှိ ကျွမ်းကျင်သူပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်ကာ လက်ကိုအသုံးပြုသည့် သင်္ကေတဘာသာစကားကို ပိုကောင်းအောင် ပြုပြင်လုပ်ဆောင်နိုင်ခဲ့၏။ နောက်ဆုံးတွင် သူသည် အမေရိကန်တွင် အကြားအာရုံချို့ယွင်းသူများစာသင်ကျောင်း (American School of the Deaf) ကို တည်ထောင်နိုင်ခဲ့သည်။
Gallaudet တည်ထောင်သည့် အကြားအာရုံချို့တဲ့သူများကျောင်းတွင် ခရစ်ယာန်သင်ရိုးတစ်ခု ထည့်သွင်းခဲ့ပြီး ဧ၀ံဂေလိနှင့် ကျမ်းစာသွန်သင်ချက်များကို သင်ကြားပေးခဲ့သည်။ တရားဟောဆရာအဖြစ် ခေါ်တော်မူခြင်းကို သူနာခံခဲ့ပါသည်။ သို့သော်…

စွန့်ပစ်မခံရပါ

ကာရီမှာ စမစ်တစ်ယောက် စာကြည့်တိုက်၌ စာအုပ်ရှာနေစဉ် သူမ၏ ၄ လအရွယ် သမီးလေးကလည်း ကလေးသံနှင့်ဗလုံးဗထွေးအသံမြည်နေသည်။ အသက်ကြီးကြီး လူကြီးတစ်ဦးက သူ့သမီးကို တိတ်တိတ်နေခိုင်းရန်၊ မဟုတ်လျှင် သူက ကလေးအသံမထွက်အောင် လုပ်မည်ဟုပြောသည်။ “ဒီလောက်ပျော်ရွှင်ပြီး ချစ်ဖို့ကောင်းတဲ့ကလေးရဲ့အသံကို မခံစားနိုင်အောင် ဦးလေးကို ဘယ်အရာစိတ် အနှောက်အယှက် ဖြစ်စေတာလဲဆိုတာ (မသိပေမယ့်) တောင်းပန်ပါတယ်။ ဒါပေမဲ့ ကလေးအသံ မထွက်အောင်လုပ်ဖို့ ဦးလေးအခွင့်မရှိပါဘူး” ဟုကာရီက ပြန်ပြောလိုက်သဖြင့် ထိုသူမှာ ခေါင်းငိုက်စိုက်ကျသွားပြီး ပြန်တောင်းပန်လိုက်သည်။ ပြီးမှ သူက လွန်ခဲ့သောနှစ် ၅၀ က သူ့သားလေးမှာလည်း လသားအရွယ်၌ပင် ကွယ်လွန်သွားခဲ့ကြောင့်၊ ထိုနှစ်ပေါင်းတစ်လျှောက် ခံစားခဲ့ရသည့် သူ့ဝမ်းနည်းခြင်းနှင့် ဒေါသစိတ်များကို အမူအရာမပျက်အောင် ထိန်းပြီးပြောသည်။
ဆာလံ ၁၃ တွင်လည်း ဒါဝိဒ်က သူ့ဝမ်းနည်းခြင်းစိတ်ကို ဖော်ပြရာတွင် စကားကို မထိန်းဘဲ ဘုရားသခင်ကို အရိုးသားဆုံး ဖွင့်ဟခဲ့သည်။…

လိုအပ်ချက်မမီခြင်း

၁၉၇၀ နှစ်များကာလက အမေရိကန်နိုင်ငံ၌ မော်တော်ဆိုင်ကယ်ဖြင့် ခုန်ကျော်ဖြတ်သည့် စတန့်အားကစားမှာ ခေတ်စားလူကြိုက်များခဲ့သည်။ သို့သော် ၁၉၇၄ ခုနှစ် စက်တင်ဘာလ(၁)ရက်နေ့က လူတို့၏စိတ်ဝင်စားမှု အမြင့်ဆုံးရောက်ခဲ့ပြီးနောက် ပြန်ကျဆင်းသွားသည်။ ထိုနေ့က အိုင်ဒါဟိုပြည်နယ် Snake River Canyon ပင်လယ်ကွေ့၌ ကြည့်ရှုသူလူပေါင်းများစွာ စုရုံးလျက် အထူးတီထွင်တည်ဆောက်ထားသည့် Evel Knivel တစ်ယောက် ထိုချောက်ကမ်းပါးကို ကျော်နိုင် မကျော်နိုင် စောင့်ကြည့်ကြသည်။ သို့သော် ထိုစတန့် မအောင်မြင်ခဲ့ပါ။ ခရီးတစ်ဝက်တစ်ပျက်၌ လေထီးဖွင့်ပြီး ဆင်းသက်ခဲ့ရသည်။ ကြည့်ရှုသူအချို့က “အကွာအဝေး ဘယ်လောက်အထိ ခုန်နိုင်ခဲ့သလဲ” ဟုမေးကြသည်။ သို့သော်၎င်းသည် အဓိကမကျပါ။ သူ့ရည်မှန်းချက်အတိုင်း ချောက်ကမ်းပါးကို ကျော်ဖြတ်ခြင်း အစီအစဉ် မအောင်မြင်ဟူသောအချက်သာ ရလဒ်ဖြစ်သည်။
ဤအဖြစ်အပျက်က ဒုစရိုက်အပြစ်တရား၏ သဘောသရုပ်ကို ဖော်ပြနေသည်။ ရော ၃း၂၃ တွင် ရှင်ပေါလုက “လူအပေါင်းတို့သည် ဒုစရိုက်ကိုပြု၍ ဘုရားသခင့်ရှေ့တော်၌…

သတိပေးအမှတ်တံဆိပ်

ယနေ့မျက်မှောက်ကာလ၌ စက်ပစ္စည်းသစ်များမှအစ ကစားစရာအဆုံး သတိပေးစာတန်းများကို နေရာတိုင်း၌ တွေ့ရသည်။ ဆေးဝါးနှင့် ဆေးပစ္စည်းများ၌ပင် ဖြစ်နိုင်ချေရှိသည့် အမှားများအတွက် သတိပေးချက် သေးသေးလေးဖြစ်ဖြစ် ရိုက်နှိပ်ဖော်ပြကြသည်။
နှုတ်ကပတ်တော်၌လည်း ၀ိညာဉ်ကျမ်းမာရေးအတွက် အန္တရာယ်ဖြစ်စေမည့်အရာများကို နိုးဆော်သတိပေးသည်။ “ထာဝရဘုရား မုန်းတော်မူသောအရာ ခြောက်ပါးမက၊ စက်ဆုပ်ရွံရှာတော် မူသောအရာ ခုနှစ်ပါး”(သု ၆း၁၆)ဟု ဖော်ပြချက်က ကျွန်ုပ်တို့အတွက် အချက်ပြသတိပေးသည့် မီးနှယ် ကျွန်ုပ်တို့အာရုံကို ချုပ်ကိုင်သည်။ ထိုအချက်များတွင် မာနထောင်လွှားခြင်းနှင့် မရိုးသားခြင်း သဘောသို့ ယိုင်နေသည့် ပျက်စီးခြင်းသဘောကို သတိပေးထားသည်။ ထိုအပြစ်ဒုစရိုက်များက လောက၌ ပေါင်းသင်းဆက်ဆံရေးကို ဖျက်ဆီးပစ်ပြီး ကိုယ်တော်ကို ၀မ်းနည်းစေပါသည်။ ဆက်လက်၍ “အပြစ်ကို ပြတတ်သော ဩ၀ါဒစကားသည် အသက်လမ်းဖြစ်၏” (း၂၃) ဟု ဆိုထားရာ၊ တစ်နည်းဆိုရလျှင် သခင်၏သတိပေးချက်များသည် ဘ၀အသက်တာ၌ ပျော်ရွှင်စရာများကို ဖယ်ရှားပစ်ရန် မရည်ရွယ်ဘဲ အသက်ကို စောင့်ထိန်းကွယ်ကာရန်ဖြစ်ကြောင်း နားလည်ရပါသည်။…

ကောင်းကင်ကမျက်လုံး

ကား၊ လေယာဉ်၊ စက်တပ်လှေ စသည့်ယာဉ်များကို မပြတ်လမ်းညွှန်ပြမည့် “ကောင်းကင်မှ မျက်လုံး” စနစ်ကို တီထွင်ရသည်မှာ ရှုတ်ထွေးခက်ခဲလှသည်။ ဥပမာ လူအများနှင့် ကျွမ်းဝင်ပြီးသားဖြစ်သည့် ဂျီပီအက်စ် စနစ်တွင် မိုင်(၁၂၅၀၀)အကွာမှ ကမ္ဘာကြီးကို လှည့်ပတ်နေသည့် ဂြိုလ်တုပေါင်း(၂၄)လုံးမှ(၃၂)လုံး အထိရှိသည်။ ထိုဂြိုလ်တုများက ပုံမှန်အရှိန်နှုန်းအတိုင်း ထိန်းချုပ်လှည့်ပတ်နေရသည်။ သို့မှသာ ၎င်းတို့၏ လမ်းညွှန်မှုက တိကျမှုရှိမည်။
မျက်မှောက်ခေတ်၏ ရှုတ်ထွေးခက်ခဲသော ဂျီပီအက်စ်စနစ်သည် ဘုရားသခင် ပြုနိုင်သောအရာနှင့် ယှဉ်လျှင် အသေးအမွှားဖြစ်သည်။ ဣသရေလလူတို့အား ဘုရားသခင်က “သင့်ကိုအစဉ်ပဲ့ပြင်တော်မူမည်”(ဟေရှာ ၅၈း၁၁) ဟု ကတိပေးထားသည်။ ဆာလံဆရာက သူဘယ်မှာရှိသနည်းကို ဘုရားသခင်မသိဘဲနှင့် ဘယ်အရပ်သို့မှ သူမသွားနိုင်ကြောင်းသိသည်(ဆာ ၁၃၉း၇-၈)။ ဂျီပီအက်စ်စနစ်မပေါ်မီကပင် ဘုရားသခင်သည် “မြေကြီးစက်ပေါ်မှာ ထိုင်၍(ဟေရှာ ၄၀း၂၂) အရာခပ်သိမ်းကိုမြင်တော်မူ၏။”
မိမိအဘယ်မှာရှိရှိ မိမိကိုခြေရာခံလိုက်နိုင်နေသူ ရှိကြောင်းသိရသောအခါ ရှောင်တိမ်းပုန်လို သူအတွက် စိုးရိမ်းစရာ၊ ကြောက်စရာပါ။ သို့သော်…

နေ့ရက်စဉ်တိုင်း

၁၉၂၄ ခုနှစ်က ဂျော်နီအမည်ရှိသော သူငယ်လေးတစ်ယောက်သည် ဘတ်စကတ်ဘော ကစားခြင်းကို ၀ါသနာပါပြီး ရိုးရိုးနယ်ကျောင်းတစ်ခုမှ (၈)တန်းအောင်မြင်ခဲ့သည်။ သူ့ဖခင်က မေတ္တာကြီးမားသူဖြစ်သော်လည်း ငွေကြေးချို့တဲ့သဖြင့် သူ့သားအလယ်တန်းအောင်မြင်သည့် အထိမ်းအမှတ် လက်ဆောင်ပင် မ၀ယ်ပေးနိုင်။ ထိုကြောင့် ကဒ်တစ်ခုပေါ်တွင် သူကိုယ်ပိုင်ကျင့်ဝတ်(၇)ချက်ကို ချရေးကာ ၎င်းကိုနေ့စဉ်လိုက်နာရန် အားပေးပြောပြီး သားကို အမှတ်တရပေးသည်။ ၎င်းအချက်များအနက် (၃)ချက်မှာ (၁) စာကောင်းပေမွန် အထူးသဖြင့် သမ္မာကျမ်းစာကို နက်နဲစွာ ဖတ်ရှုခံယူပါ။ (၂) နေ့ရက်စဉ်တိုင်း၌ အကောင်းဆုံးအသက်ရှင်ပါ။ (၃) ဘုရားသခင်၏လမ်းပြမှုကို တောင်းခံပြီး ခံစားရသော ကောင်းကြီးများအတွက် ကျေးဇူးတော်ချီးမွမ်းပါ။
သခင်ဘုရား၏ ပတ္ထနာတော်တွင် သခင်ယေရှုက ကောင်းကင်ဘုံရှင် အဖထံနေ့စဉ် ချဉ်းကပ်တိုးဝင်ရန် သွန်သင်ထားပါသည်။ ထိုသို့ ချဉ်းကပ်ရာ၌ ပြောပြီးမေ့ ပုံစံမျိုးမဟုတ်ပါ။ ပဌာနာတော်ဆုတောင်းအားဖြင့် ဘုရားသခင်ကို ချီးမွမ်းခြင်း(း၉)၊ နိုင်ငံတော်နှင့်အလိုတော်ကိုရှာဖွေခြင်း(း၁၀)၊ ကိုယ်တော်မစပေးသနားမည့်အကြောင်း ကိုးစားခြင်း (း၁၁)၊ ကိုယ်တော်၏ခွင့်လွတ်ခြင်း၊…

ဘုရားသခင်၏ သရုပ်ဖော်ချက်

ကလေးများ၏ ဆုတောင်းချက်ကို ကြည့်ပြီး ဘုရားသခင်အပေါ်ထားရှိသည့် သူတို့၏ သဘောထားကို မြင်ရသည်။ မကြာမီက ကျွန်မဖတ်ခဲ့သည် ဆုတောင်းချက်နှစ်ခုရှိသည်။
“အိုအဖ၊ ကိုယ်တော်က မနာလိုတတ်သောဘုရားဟူသည့် အဓိပ္ပါယ်ကဘာလဲ။ ကိုယ်တော်ဆီမှာ အားလုံးရှိနေတာပဲလို့ ကျွန်တော်ထင်ပါတယ်။”
“အင်္ဂါနေ့တုန်းက ဘုရားဖန်ဆင်းလိုက်တဲ့ နေ၀င်ဆည်းဆာကို မမြင်ဖူးခင်က လိမ္မော်ရောင်နဲ့ ခရမ်းရောင်လိုက်ဖက်တယ်လို့ မထင်မိဘူး။ အရမ်းလှတာဘဲ ကိုယ်တော်ရယ်”
ထိုကလေးငယ်နှစ်ဦးသည် ဘုရားသခင်အား အရာခပ်သိမ်းပိုင်သသူနှင့် လှပသော နေ၀င်ဆည်းဆာကို ဖန်တီးနိုင်သော အရာခပ်သိမ်းဖန်ဆင်းရှင် အဖြစ်မှန်ကန်စွာသိသည်။ သို့သော် ဘုရားသခင်က မိမိကိုယ်ကို မည်သို့ဖော်ပြသနည်း။
ဣသရေလလူတို့အား တော၌ ဦးဆောင်ရတော့မည့် အချိန်တွင် အထက်ပါမေးခွန်းအတွက် အဖြေကို မောရှေအနေဖြင့် လိုအပ်ခဲ့သည်။ ဘုရားသခင်အတူရှိကြောင်း၊ ဦးဆောင်လမ်းပြနေကြောင်း သူအသေအချာသိမှဖြစ်မည်။ ထိုကြောင့် ကိုယ်ကိုထင်ရှားပြရန် မောရှေတောင်းလျှောက်ခဲ့သည်။ (ထွက် ၃၃း၁၃၊၁၈)။ “ထာဝရဘုရားသခင်သည် မိုးတိမ်ဖြင့် ဆင်းသက်၍... ထာဝရဘုရား၊ ထာဝရဘုရား၊ ချစ်သနားခြင်း…